Offshore Software Development
- MTM (METATEAM MYANMAR Co.,Ltd)သည် ၂၀၁၄ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး လက်ရှိဝန်ထမ်းအင်အား (၁၇၀)ကျော်ဖြင့် မြန်မာနိုင်ငံအခြေစိုက် ထိပ်တန်းဂျပန်Offshoreကုမ္ပဏီအဖြစ် ဦးဆောင်လျက်ရှိပါသည်။
- Projectတစ်ခုချင်းစီအတွက် နိုင်ငံတကာအဆင့်မီ ဆော့ဖ်ဝဲ အရည်အသွေး ထိန်းသိမ်းမှု လုပ်ငန်းစဉ်များ (International Standard Software Quality Assurance (SQA) procedures) အလိုက်လုပ်ဆောင်ပေးလျက်ရှိပါသည်။
- ဆော့ဖ်ဝဲရေးသားခြင်းလုပ်ငန်းကို အခြေခံဒီဇိုင်းဆွဲသည့်အဆင့်မှစ၍ နောက်ဆုံးစမ်းသပ်ပြီးစီးသည်အထိ တစ်နေရာထဲတွင် အပြီးအစီး ဝန်ဆောင်မှုပေးလျက်ရှိပါသည်။
- ထို့အပြင် MTMမှ ဂျပန်ကုမ္ပဏီများစွာကို ရေရှည်လက်တွဲ ဝန်ဆောင်မှု ပေးနေလျက်ရှိပါသည်။
Web Application Development
- လူကြီးမင်းတို့၏ စီးပွားရေးဆိုင်ရာ စီမံခန့်ခွဲမှုတစ်ခုချင်းစီအတွက် အသုံးပြုရလွယ်ကူပြီး ပြုပြင်ပြောင်းလဲလွယ်သော ဆော့ဖ်ဝဲများကို နောက်ဆုံးပေါ် programming languages, frameworks နှင့် libraries များအသုံးပြု၍ သီးသန့်ဝန်ဆောင်မှုပေးလျက်ရှိပါသည်။
- ဆော့ဖ်ဝဲများ ဝယ်ယူပြီးနောက်ပိုင်း အဆင်ပြေချောမွေ့စွာ အလုပ်လုပ်ဆောင်နိုင်ရန်အတွက် လိုအပ်သော ပြုပြင်ထိန်းသိမ်းရေးများကိုလည်း ဝန်ဆောင်မှု ပေးလျက်ရှိပါသည်။
- နိုင်ငံတကာအဆင့်မီ ဆော့ဖ်ဝဲ အရည်အသွေး ထိန်းသိမ်းမှု လုပ်ငန်းစဉ်များ (International Standard Software Quality Assurance (SQA) procedures) အလိုက် လုပ်ဆောင်ပေးလျက်ရှိပါသည်။
- MTM မှ
* စက်ရုံအလုပ်ရုံများ (Factory Management System)
* ဟိုတယ်များ (Hotel Management System)
* ခရီးသွားလုပ်ငန်းများ (Travel & Tour Management System)
* ကျောင်း/တက္ကသိုလ်များ (School Management System)
* အာမခံလုပ်ငန်းများ (Insurance Management system)
* အိမ်ခြံမြေလုပ်ငန်းများ (Property Management system)
အစရှိသည့် အမျိုးမျိုးသော လုပ်ငန်းနယ်ပယ်များအတွက် ဝန်ဆောင်မှုပေးလျက်ရှိပါသည်။
Mobile Application Development
- Mobile Application တစ်ခုအတွက် အကြံဉာဏ်၊ ဒီဇိုင်း၊ Development, Testing & Maintenance မှသည် Google Playstore နှင့် Apple App Store တင်သည်အထိ အဆင့်ဆင့်တိုင်းတွင် Client များနှင့် ချိတ်ဆက်ဆွေးနွေးတိုင်ပင်ပြီး လူကြီးမင်းတို့၏ စီးပွားရေးလုပ်ငန်းလိုအပ်ချက်များနှင့် ကိုက်ညီမည့်
– iOS & Android Native Applications
– Hybrid Applications
များကို ဆန်းသစ်ကောင်းမွန်သော ဒီဇိုင်း၊ အရည်သွေးပြည့်ဝသာလွန်သော စွမ်းဆောင်ချက်များဖြင့် MTM ရှိ စွမ်းဆောင်ရည်မြင့်မားသော အိုင်တီအင်ဂျင်နီယာများမှ အချိန်တိုအတွင်း တည်ဆောက်ပေးလျက်ရှိပါသည်။
Website Development
- ဝက်ဘ်ဆိုဒ်တည်ဆောက်ခြင်းလုပ်ငန်းကို အခြေခံဒီဇိုင်းဆွဲသည့်အဆင့်မှစ၍ နောက်ဆုံးစမ်းသပ်ပြီးစီးသည်အထိ တစ်နေရာထဲတွင် အပြီးအစီး ဝန်ဆောင်မှုပေးလျက်ရှိပါသည်။
- လူကြီးမင်းတို့၏ စီးပွားရေးလုပ်ငန်းအတွက် ဝက်ဘ်ဆိုဒ်များကိုလည်း လူကြီးမင်းတို့ စိတ်တိုင်းကျ သီးသန့်ရေးဆွဲပေးပြီး သုံးစွဲသူလက်ထဲ ရောက်ရှိစေရန် ဝန်ဆောင်မှုပေးလျက်ရှိပါသည်။
- ဝက်ဘ်ဆိုဒ်တစ်ခုချင်းစီအတွက် နိုင်ငံတကာအဆင့်မှီ အရည်အသွေးထိန်းသိမ်းမှု လုပ်ငန်းစဉ်အလိုက် လုပ်ဆောင်ပေးလျက်ရှိပါသည်။
- MTM မှ ဝက်ဘ်ဆိုဒ်ပေါင်း(၈၀၀)ကျော်ကို ဂျပန်နိုင်ငံရှိသုံးစွဲသူများအတွက် အောင်မြင်စွာရေးဆွဲပေးခဲ့ပြီးဖြစ်ပါသည်။
- လူကြီးမင်းတို့၏ ဝက်ဘ်ဆိုဒ်များကို အသုံးပြုသူများ အဆင်ပြေစေရန် mobiles, desktops, laptops နှင့် tablets များကဲ့သို့အရွယ်အစားမတူညီသော devicesများတွင်တူညီသော responsive designs များဖြင့် ပြသပေးနိုင်ရန်အတွက် တည်ဆောက်ပေးလျက်ရှိပါသည်။
Business Process Outsourcing
- ဘောလုံးပွဲချိန်တစ်ခုလုံး ရဲ့ လှုပ်ရှားမှုများကို Video File နှင့်တထပ်တည်းကျအောင် ပြင်ဆင်၍ Data File အဖြစ်သို့ပြောင်းလဲပေးတဲ့ Football Tracking ဝန်ဆောင်မှုကိုလည်း ဆောင်ရွက်ပေးလျက်ရှိပါသည်။ ထို့အပြင် ပုံရိပ်ထဲတွင်ပါသော ကစားသမား၊ ဒိုင်လူကြီး၊ အရန်လူ၊ ဘောလုံး စသည့်တို့ကို အမျိုးအစား ခွဲခြားခြင်း နှင့် Label ထိုးခြင်းဖြစ်တဲ့ Labeling ဝန်ဆောင်မှုကိုလည်း ဆောင်ရွက်ပေးလျက်ရှိပါသည်။
- ကစားပွဲတစ်ခုအတွင်း ကစားကွက် နည်းဗျူဟာ အချက်အလက် အသေးစိတ်ကို tag လုပ်ပေးသော Tagging ဝန်ဆောင်မှုကိုလည်း ဆောင်ရွက်ပေးလျက်ရှိပါသည်။ Table Tennis, FootBall and BasketBall ပွဲများအတွက် Tagging ဝန်ဆောင်မှုကိုလည်း ဆောင်ရွက်ပေးလျက်ရှိပါသည်။
Technology Expertise
The main technologies, programming languages, tools, and frameworks…