ကုမ္ပဏီပရိုဖိုင်
| ကုမ္ပဏီ အမည် | METATEAM MYANMAR Co.Ltd |
|---|---|
| တည်ထောင်သည့်နေ့ရက် | ၁ ဖေဖော်ဝါရီ ၂၀၁၄ |
| မန်နေဂျင်းဒါရိုက်တာ | Representative Director Masafumi Kyowa |
| ဒါရိုက်တာ | Mr. Kyaw Soe Naing, Ms. Myat Mon Thein |
| ရင်းနှီးငွေ | 100,000 USD |
| ရုံးချုပ် | တိုကျို၊ ဂျပန် ( METATEAM, Inc. ) |
| တည်နေရာ | အမှတ် (၁၂၂-၁၂၄)၊ (၄)ရပ်ကွက်၊ ဗိုလ်တထောင်ဘုရားလမ်း၊ ဗိုလ်တထောင်မြို့နယ်၊ ရန်ကုန်မြို့၊ မြန်မာ။ |
ကုမ္ပဏီအကျဉ်းချုပ် (ရုံးချုပ်)
| ကုမ္ပဏီ အမည် |
METATEAM Co. Ltd. ( METATEAM, Inc. ) |
|---|---|
| တည်ထောင်သည့်နေ့ရက် | ၁၈ မေ ၂၀၀၆ |
| မန်နေဂျင်းဒါရိုက်တာ | Representative Director Masafumi Kyowa |
| ရင်းနှီးငွေ | 50 million yen |
| တည်နေရာ |
|
ကျွန်ုပ်တို့၏ အမြင်
To be a leading Japanese IT company in MYANMAR.
ကျွန်ုပ်တို့၏ ရည်မှန်းချက်
TeamTechဖြင့် ကမ္ဘာကြီးအတွက် အရွေ့တစ်ခု ဖန်တီးခြင်း။
Teamwork နှင့် Technology ကို ပေါင်းစပ်၍ TeamTech ဟု ခေါ်ဆိုခြင်း ဖြစ်ပါသည်။ TeamTech သည် ကမ္ဘာတစ်ဝှမ်းရှိ မည်သူမဆို အဖွဲ့လိုက်လုပ်ဆောင်မှုကို လွယ်ကူစွာ လုပ်ဆောင်နိုင်၍ သက်ဝင်လှုပ်ရှားသော ကမ္ဘာတစ်ခုကို ဖန်တီးရန်အတွက် ရည်ရွယ်ပါသည်။
TeamTech ဖြင့် ပျော်ရွှင်စွာ အလုပ်လုပ်ဆောင်နိုင်ရုံသာမက အလုပ်လုပ်နိုင်စွမ်းလည်း တိုးမြှင့်လာပြီး ဆန်းသစ်တီထွင်မှုတွေ ကမ္ဘာအနှံ့ ပေါ်ပေါက်လာစေမည် ဖြစ်ပါသည်။
ကျွန်ုပ်တို့၏ တန်ဖိုး
"TEAMS." ကို အဓိက တန်ဖိုးထားလုပ်ဆောင်နေသည့် MTM မန်ဘာများသည် အောက်ပါ အချက် ၅ ချက်ကို အစဥ်သတိချပ်ကာ နေ့စဉ် အလုပ်တာဝန်များအား လုပ်ဆောင်နေပါသည်။
-
t
Thanks
အခြေအနေ၊ အကြောင်းအရာ တခုခုကြောင့် ကျေးဇူးတင်မိသော စိတ်ခံစားမှု ပေါ်ပေါက်သည်နှင့် “ကျေးဇူးတင်ရှိကြောင်း” ကို နှုတ်ဖြင့် ထုတ်ဖော်ပြောဆိုခြင်း အလေ့အထအား ကျင့်သုံးရန်။
-
e
Engine
တစ်ဦးတစ်ယောက်ချင်းစီသည် TEAM သို့မဟုတ် ကုမ္ပဏီ၏ နောက်ကွယ်မှ အင်အားဖြစ်ခြင်းကို သတိပြု၍ အလုပ်လုပ်ဆောင်ရန်။
-
a
All
မိမိ၏ အမြင်တစ်ခုတည်းတင်မက အခြားသူ/တဖက်သား၏ ထင်မြင်ယူဆချက်များကိုလည်း အမြဲသတိချပ်၍ ကိုယ်ကျိုးမဖက်သော/တစ်ကိုယ်ကောင်းမဆန်သော စိတ်ဓာတ်ဖြင့်လုပ်ဆောင်ရန်။
-
m
Masterpiece
အစဉ်အမြဲ ကြိုးစား၍ မိမိ၏ အကောင်းဆုံးသော လုပ်ဆောင်မှု၊ စွမ်းဆောင်ရည်ဟု ယူဆရသော ရလဒ်များ ရရှိအောင်ဆောင်ရွက်ရန်။
-
s
Stock
လုပ်ဖော်ကိုင်ဖက်များနှင့် ရင်းနှီးဆက်နွယ်မှုအား တန်ဖိုးထားကာ အတွေ့အကြုံနှင့် ဗဟုသုတများ စုဆောင်းရန်။
သမိုင်းမှတ်တိုင်များ
| နိုဝင်ဘာ ၂၀၁၃ | ကုမ္ပဏီမှတ်ပုံတင်ခဲ့ပါသည်။ |
|---|---|
| စက်တင်ဘာ ၂၀၁၄ | ရွှေဘုံသာလမ်း၊ ယူနိုက်တက်တာဝါသို့ ရုံးခန်း ပြောင်းရွေ့ ဖွင့်လှစ်ခဲ့ပါသည်။ |
| ဖေဖော်ဝါရီ ၂၀၁၄ | ကုမ္ပဏီဖွင့်ပွဲကို Park Royal Hotel ၌ ကျင်းပခဲ့ပြီး လပြည့်ဝန်းပလာဇာတွင် ကုမ္ပဏီလုပ်ငန်းများကို စတင်လုပ်ဆောင်ခဲ့ပါသည်။ |
| ဖေဖော်ဝါရီ ၂၀၁၆ | ကုမ္ပဏီ၏ ဒုတိယအကြိမ်မြောက် နှစ်ပတ်လည် ညစာစားပွဲကို ကျင်းပခဲ့ပါသည်။ |
| သြဂုတ် ၂၀၁၆ | အမှတ် ၁၁၁ ၊ (၄လွှာ) ၊ ၅ ရပ်ကွက်, ဗိုလ်တထောင်မြို့နယ်သို့ ရုံးခန်း ပြောင်းရွေ့ ဖွင့်လှစ်ခဲ့ပါသည်။ |
| ဖေဖော်ဝါရီ ၂၀၁၇ | ကုမ္ပဏီ၏ တတိယအကြိမ်မြောက် နှစ်ပတ်လည် ညစာစားပွဲကို ငွေဆောင်ကမ်းခြေတွင် ကျင်းပခဲ့ပါသည်။ |
| ဧပြီ ၂၀၁၈ | Sea Dream Company၏ ရှယ်ယာများကို ဝယ်ယူ၍ ပူးပေါင်း လုပ်ဆောင်ခဲ့ပါသည်။ |
| သြဂုတ် ၂၀၁၈ | အမှတ်(၁၂၂/၁၂၄) ၊ ၄ ရပ်ကွက်, ဗိုလ်တထောင်မြို့နယ်သို့ ရုံးခန်း ပြောင်းရွေ့ ဖွင့်လှစ်ခဲ့ပါသည်။ |
| မတ် ၂၀၁၉ | ကုမ္ပဏီ၏ စတုတ္ထအကြိမ်မြောက် နှစ်ပတ်လည် ညစာစားပွဲကို ချောင်းသာကမ်းခြေတွင် ကျင်းပခဲ့ပါသည်။ |
| ဖေဖော်ဝါရီ ၂၀၂၀ | ကုမ္ပဏီခရီးစဉ်အနေနဲ့ ကလော-အင်းလေး-တောင်ကြီး-ပင်းတယကို သွားခဲ့ပါသည်။ |
| နို၀င်ဘာ ၂၀၂၁ | ပထမဆုံးအကြိမ် စုပေါင်းမဟာဘုံကထိန်ပွဲတော်ကို ကျင်းပခဲ့ပါသည်။ |
| နို၀င်ဘာ ၂၀၂၂ | ကုမ္ပဏီ ၏ လေးကြိမ်မြောက် ပုံမှန်အစည်းအဝေးကို ကျင်းပခဲ့ပါသည်။ |
| ဖေဖော်ဝါရီ ၂၀၂၃ | ကုမ္ပဏီ၏ နှစ်ပတ်လည်ခရီးစဉ်အနေဖြင့် ငွေဆောင်ကမ်းခြေကို သွားရောက်ခဲ့ပါသည်။ |
| နို၀င်ဘာ ၂၀၂၃ | MTM ၏ ၁၀ နှစ်မြောက် နှစ်ပတ်လည်အခမ်းအနားကို Summit Park View Hotel တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ |
| ဖေဖော်ဝါရီ ၂၀၂၄ | MTM မှာရှိတဲ့ အသင်းတိုင်းဟာ ခရီးတိုတစ်ခု ထွက်ခဲ့ပါသည်။ |
| နို၀င်ဘာ ၂၀၂၅ | ၂၀၂၅ နှစ်ပတ်လည် ညစာစားပွဲ ကျင်းပခဲ့ပါသည်။ |
| မတ်လ ၂၀၂၆ | MTM သည် ၂၀၂၆ ခုနှစ်အတွက် နှစ်စဉ်ခရီးစဉ်အဖြစ် NgweSaung သို့သွားခဲ့ပါသည်။ |
