Football Tracking
Football Tracking ဆိုသည်မှာ ဘောလုံးပွဲတစ်ပွဲ၏ Video File ကို Data File အဖြစ်ပြောင်းလဲပေးခြင်းဖြစ်ပါသည်။
ပွဲချိန်တစ်ခုလုံးတွင် ကစားသမားတစ်ဦးခြင်းစီ၏ တည်နေရာနှင့်ကစားကွက်ကို မှန်ကန်အောင်အညွှန်းတပ်ပေးခြင်း၊ ပွဲစချိန်၊ ပွဲပြီးချိန်၊ လူစားလဲချိန်၊ အနီကဒ်ပြချိန် နှင့်ဂိုးသွင်းပြီးအောင်ပွဲခံချိန်များမှအစ ကစားသမားတစ်ဦး၏ တည်နေရာနှင့်ကျောနံပါတ်ကို Video File နှင့်တစ်ထပ်တည်းကျအောင် ပြင်ဆင်၍ Data File အဖြစ်သို့ပြောင်းလဲပေးသည့်ဝန်ဆောင်မှုမျိုးဖြစ်ပါသည်။

Labeling

Labeling ဆိုသည်မှာ အားကစားပြိုင်ပွဲတစ်ခုကို ဓါတ်ပုံရိုက်ထားပြီး ဓါတ်ပုံတွင်ပါ၀င်သည့် ကစားသမားများ၊ ဒိုင်လူကြီးများ၊ အရံများ၊ ဘောလုံး အစရှိတဲ့ Objectတွေကို Label တပ်၍ အမျိုးအစားခွဲပေးပြီး Data File အဖြစ်သို့ ပြောင်းလဲပေးသည့်ဝန်ဆောင်မှုမျိုးဖြစ်ပါသည်။လက်ရှိတွင် Rugby, Basketball, Football, Wheelchair Rugby အစရှိသည့်အားကစားပြိုင်ပွဲများမှ Image များကို Label တပ်ခြင်းဖြင့်ဝန်ဆောင်မှုပေးလျက်ရှိပါသည်။
Table Tennis
Table Tennis ပြိုင်ပွဲတစ်ပွဲ၏ ကစားသမားတစ်ဦးခြင်းစီရရှိသော ရမှတ်တိုင်းအတွက် Player နှစ်ယောက်လုံး၏ Action များကို Tagging ပြုလုပ်ပေးသည့်ဝန်ဆောင်မှုမျိုးဖြစ်ပါသည်။ Player တစ်ယောက်ချင်းစီ၏ ရိုက်ချက်၊ ဘောလုံးထောက်သည့်နေရာ၊ တစ်ဖက်အသင်းဆီဘောလုံးပြန်ရိုက်သည့်နေရာ၊ အမှတ်ရသွားသည့်အချက် (ဥပမာ- တစ်ဖက်အသင်း၏ရိုက်ချက်သည် ပိုက်ထဲဝင်သွားသည့်အတွက် အမှတ်ရခြင်း ၊ out သွားသည့်အတွက်အမှတ်ရခြင်း ၊ ပြန်မရိုက်နိုင်သည့်အတွက်အမှတ်ရခြင်း) စသဖြင့် အကြောင်းအရာပေါ်မူတည်ပြီး Tagging လုပ်ပေးပြီး Point ရရှိသွားသည့် Playerဘက်သို့ score ထည့်ပေးသည့်ဝန်ဆောင်မှုမျိုးဖြစ်ပါသည်။

Football Tagging

Football Tagging ဆိုသည်မှာ ပြိုင်ပွဲကစားနေစဉ်အတွင်း ကစားကွက်များ၏အသေးစိတ်အချက်အလက်များကို Tagging ပြုလုပ်ပေးသည့်ဝန်ဆောင်မှုမျိုးဖြစ်ပါသည်။ Player အချင်းချင်းအပေးအယူလုပ်နေစဉ် Grounder Passဖြင့်ပေးခြင်း ၊ Heading Pass ဖြင့်ပေးခြင်း ကိုTagging ပြုလုပ်ပေးခြင်းနှင့် လက်ရှိဘောလုံးပိုင်ဆိုင်ထားသည့်အသင်းနာမည် ၊ ဘောလုံးရောက်ရှိနေသော Area ၊ Player အချင်းချင်းပေးသည့်အခါ ကိုယ့်အသင်းသားဆီရောက်/မရောက်၊ Goal သွင်းသည့်အခါ ဝင်/မဝင်ကို Tagging ပြုလုပ်ပေးသည့်ဝန်ဆောင်မှုမျိုးဖြစ်ပါသည်။
Basketball
Basketball Tagging ဆိုသည်မှာ ပြိုင်ပွဲကစားနေစဉ်အတွင်း ကစားကွက်များနှင့်ရမှတ်တိုင်း၏အသေးစိတ်အချက်အလက်များကို Tagging ပြုလုပ်ပေးသည့်ဝန်ဆောင်မှုမျိုးဖြစ်ပါသည်။
စပေးဘောကိုဘယ်အသင်းရလဲ? ဘယ်နေရာမှ ဘယ်လိုပုံစံဖြင့်သွင်းပြီး ဘယ်နှစ်မှတ်ရသလဲ? goal လျှင် ရမှတ်ကိုTagging ပြုလုပ်ပေးပြီး၊ goal မရခဲ့လျှင် ပြန်ထွက်လာတဲ့ Ball ကို Defense အသင်းမှရခြင်း၊ Offense အသင်းမှပြန်ရခြင်း စသည်ကို Tagging ပြုလုပ်ပေးသည့်ဝန်ဆောင်မှုမျိုးဖြစ်ပါသည်။

Album Template

ဓါတ်ပုံများကို အသင့်ဆွဲပြီးသား Album Template များထဲသို့ထည့်ပေးသည့်ဝန်ဆောင်မှုမျိုးဖြစ်ပါသည်။ Album Template ပေါင်းများစွာရှိပြီး ဓါတ်ပုံ ၅၀အထိထည့်လို့ရတဲ့ Album များရှိပါသည်။